Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်ချိုမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၅-၆-၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချို-ရပ်စောက်လမ်းမပေါ်ရှိ ရွှေမုဋ္ဌောအုပ်စု လမ်းဘေးဝဲယာတွင် ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံ၌ အပတ်စဉ်စနေနေ့တိုင်း တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ
May 12,2022
တောင်သူလယ်သမားများကိုယ်တိုင် စိုက်ပျိုးမွေးမြူထွက်ရှိလာသော အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို အခွန်အခပေးဆောင်ရန်မလိုဘဲ စားသုံးသူထံ သင့်တင့်သော နှုန်းထားဖြင့် တိုက်ရိုက်ရောင်းချသည့် တောင်သူလယ်သမားဈေးကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာ (ယာယီညဈေး)၌ အပတ်စဉ် စနေနေ့ နံနက်တိုင်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင…
May 12,2022
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခမ်းအနားနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီး မြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
May 12,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ပြည်နယ်ဥပဒေချုပ်ရုံး၌ ပြည်နယ်ဥပဒေချုပ် ဦးဆောင်၍ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများအား ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေကျပ် ၆၂၄ ဒသမ ၂၆ သန်းကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)တွင် ထုတ်ချေးပေးပြီးဖြစ်
May 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၆၂၄ ဒသမ ၂၆ သန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာတွင် ပြန်လည်ထုတ် ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းများကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြ စိုက်ပျိုးရေးသိပွံကျောင်း၏ ၂၀၂၂ ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပ…
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၏ ၂၀၂၂ ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က မြောင်းမြစိုက်ပျိုးရေးသိပွံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18205
Page
18206
Page
18207
Page
18208
Current page
18209
Page
18210
Page
18211
Page
18212
Page
18213
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department