အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
၂၀၂၂-၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံမိုးနေကြာမျိုး စေ့ထုတ်စိုက်ပျိုးမည့် ကျေးရွာအုပ် စု(၁၄)စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများအား နေကြာမျိုးစေ့နှင့် မှိုသတ်‌ဆေးပေးအပ်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အင်္ဂပူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်း မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ ပထဆုံးနေ့ ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန်(၂)ရက်နေ့မှ စတင်ကာ ဘိုကလေးမြို့နယ်တွင်းမှ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားလျက် ရှိသည်။
May 12,2022
နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသည်။
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စု‌ပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။