အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင်  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဘိုက​လေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၄)ရှိ ဧရိယာ(၅) ဧကတွင် ပြုလုပ် သော ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ တရားဝင် သိုလှောင်၊ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ပူးပေါင်းအဖွဲ့မှ လိုက်လံ စီစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် ပညာပေးဟောပြောပွဲကို လှည်းဆိပ်အုပ်၊ လှည်းဆိပ်ကျေးရွာ ပညာအလင်းအိမ် စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီ အချိန်၌ ကျင်းပခဲ့ကြသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြား နေမှုအား ကြည့်ရူအားပေးခဲ့ကြသည်။
May 12,2022
မိုးဦးကာလ ခြင်ပေါက်ပွားမှုများသော ရာသီရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာ၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအဖွဲ့ Women Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု   ကာကွယ်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။        
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင်  ၂၀၂၂-၂၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများ အား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက်  တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ရပ်ကွက်(၁၄)ရှိ ပိတ်ဆို့နေသော ရေမြောင်းများကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။