Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် Mobile Library စနစ်ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သဖန်းပင်ဆိပ်ကျေးရွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းအခမ်းအနားတက်ရောက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာ တောင်သူ ဦးလှကျော်၏ ကွင်းအမှတ်(၉၄/၁၆၁၂)၊ ဦးပိုင်အမှတ် (၁၀/၂)တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးလျက်ရှိသော ဂါလံ(၁၂၀၀၀၀)ဆံ့ ရေစုကန်(၃)ကန်ကို ကလိုရင်း ပိုးသတ်ဆေးရည်ထည့်ခြင်း ဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ကြသော မိဘပြည်သူနေအိမ်များ၌ တစ်အိမ်တက် တစ်အိမ်ကွင်းဆင်းပြီး ရေပုံး၊ တာယာအဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေဝပ်နိုင်သော နေရာများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ကြိုတင်ကာကွယ်သော နည်းလမ်းများ အသိပညာပေးဆွေးနွေးခြင်း၊ ရပ်ကွက် အတွင်း ရေမြောင်းများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ရေစီးရေလာကောင်းမွန်ပြီး အမှိုက် သရိုက်များ မစွန့်ပစ်စေရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆွေးနွေးမှာကြားခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က အခြေခံပညာကျောင်းများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရန် တာဝန်ပေးအပ်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီခန့်က ကျိုက်လတ်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရန် တာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များငှားရမ်း
May 12,2022
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ် တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများ အရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18201
Page
18202
Page
18203
Page
18204
Current page
18205
Page
18206
Page
18207
Page
18208
Page
18209
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department