အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီ အချိန်က ကဒပ္ပနကျေးရွာအတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 26,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၂၈) ရပ်ကွက်၊ သခင်ထွန်းအုပ်လမ်းနှင့် အုပ်ချုပ်ရေးရုံးလမ်းထောင့်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 26,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ဝေဠုဝန်(တောင်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Oct 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၏ (၃၈) ကြိမ်မြောက် တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကို တပ်ရင်းတပ်ဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်း ပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ် (၁၂)နာရီက စာပေအကျိုးကျေးဇူး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂၈)ရပ်ကွက်၊ ‌ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။