အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စု‌ပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ မြောင်းမြမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစတင် တက်ရောက် ပညာသင်ကြားနေကြောင်း သိရ သည်။
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လိုအပ်လျက်ရှိသော အရည် အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယား ဓာတ်မြေသြဇာအိတ်များကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်းကို ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
May 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm Vaccine) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် စည်ပင်ရေဖြန့်ဝေပေးမှုစနစ်တကျရှိစေရန် အတွက် ရေမီတာတပ်ဆင်သုံးစွဲရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။