အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အမှတ်(၈)အခြေခံပညာအထက်တန်း‌ ကျောင်းခွဲ၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သောရှေးဦး ပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ‌ခဲ့ ကြောင်းသိရသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း များဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှုသင်တန်းနှင့် အခြေခံအပ်ချုပ်သင်တန်းများ ဖွင့်ပွဲကျင်းပခဲ့သည်။
Oct 26,2022
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၅၃၅-က) တောင်သူဦးနိုင်ဦး၏ မျိုးစေ့ထုတ်စိုက်ခင်းနှံကောက်စပါးမျိုး စိုက်ဧက ၅ ဧက၌  မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပသည်။
Oct 26,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နတ်ပုတ်ကျေးရွာ အုပ်စု ပင်ရဲလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် (၁၀)နာရီက မြစိမ်းရောင်ရန်ပုံငွေကျပ် ၄၂၆ သိန်းကို ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
Oct 26,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မှစတင်၍ အထက(ပေါက်ခေါင်း)၌ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။