Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များငှားရမ်း
May 12,2022
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ် တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများ အရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ် မေလအတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် နေအိမ်များနှင့် မြစ်ကမ်းပါးပြိုကျခဲ့၍ ပြောင်းရွှေ့ခဲ့ရသော နေအိမ်များအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်မှုအဖွဲ့များ တာဝန်ပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ယနေ့ နံနက်ပိုင်းမှ စတင်၍ သွားရောက်ထောက်ပံ့ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့ နန့်လှိုင်ခေတ်မီစံပြကျေးရွာ၌ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းဖွဲ့စည်း
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနက နန့်လှိုင် ခေတ်မီစံပြကျေးရွာ (Smart Village) ၌ ရတနာလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း (လီမိတက်) ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာမူလတန်း (မြတောင်) ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် မိုးရာသီအကြို နှစ်ရှည်သီးနှံပျိုးပင်များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်…
May 12,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးလှုပ်ရှားမှုအဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို နှစ်ရှည်သီးနှံပျိုးပင်များနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ဟားခါးမြို့၊ ကျောဘုတ် ဥယျာဉ်ခြံ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ပြီး ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင် (Community Centre) ခန်းမ၌ သဘာဝဘေးကူညီထောက်ပံမှုဆိုင်ရာ အသိပညာ ပေး Talk Show ဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးကူညီထောက်ပံမှု ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18202
Page
18203
Page
18204
Page
18205
Current page
18206
Page
18207
Page
18208
Page
18209
Page
18210
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department