အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြက်လျှာကျေးရွာအုပ်စု၊ ပေါင်တစ်ချောင်းကျေးရွာ၌ အောက်တိုဘာ ၂၄ ရက်နေ့ နေလယ် ၂ နရီ ၂၀ အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုအား ကယ်ဆယ်‌ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်သည်။
Oct 26,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်မြောက် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။
Oct 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စန္တားခမ်းဒေသပအိုဝ်းအမျိုးသား ဘောလုံးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင်(၁/၂၀၂၂) သင်တန်းဆင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
Oct 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စိတ်ကျန်းမာရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Oct 26,2022
ရခိုင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်၁၀ နာရီက သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပသည်။
Oct 26,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် ပြည်နယ်အတွင်း ကဏ္ဍအသီးသီး၌ ထူးချွန်ထက်မြတ်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထူးချွန်ဂုဏ်ပြုဆုပေါင်း ၁၈၃ ဆုကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။