Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီနှင့် တောင်သူများတွေ့ဆုံ၍ နည်းပညာဆွေးနွေးပွဲပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ စိုက်ပျိုးရေးရှေ့တန်းစခန်းရုံးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများတွေ့ဆုံ၍ (မြေ၊ မျိုး၊ ပိုး) ပြုလုပ်နည်းပညာများ လိုက်နာ၊ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့အဝင်အထွက်လမ်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အ-ထ-က (မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာ တောင်သူ ဦးနိုင်နိုင်ထွန်း၏ လယ်မြေကွင်းအမှတ်-၅၀ ခ၊ ဦးပိုင်-၃/၃တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခန့်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ လုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ဇွန်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လိုအပ်…
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းကို ဇွန်လ ၄ ရက်နေ့တွင် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18206
Page
18207
Page
18208
Page
18209
Current page
18210
Page
18211
Page
18212
Page
18213
Page
18214
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department