Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်လတ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခန့်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ လုပ်ငန်းခွင်အကြို ဆရာ၊ ဆရာမများ ရက်တိုသင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ဇွန်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လိုအပ်…
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းကို ဇွန်လ ၄ ရက်နေ့တွင် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်
May 12,2022
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူ ဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင် မြို့နယ်စာရေးဆရာအသင်းရုံး ရသအောင်မြေ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဟောပြောပွဲများပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ သဘာဝတောအတွင်း တောခုတ်မီးရှို့ခြင်းမှ ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် (ဟန်ထက်-မန်သာ-စီအူ) ကားလမ်းဘေး နောင်ဟူး ကြိုးဝိုင်း အကွက်အမှတ် (၁၈) သစ်တောစိုက်ခင်း ပျိုးဥယျာဉ် ပင်မရှင်းလင်းဆောင်၌ ယနေ့ နံနက် ၉ နာရီက သဘာဝတောအတွင်း တောခုတ်မီးရှို့ခြင်းမှ ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18207
Page
18208
Page
18209
Page
18210
Current page
18211
Page
18212
Page
18213
Page
18214
Page
18215
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department