အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊‌ ကတတ်ရိုးကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်အချိန်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ဦးကျော်ဇင်ဦး(၄၂/၂၂)နှစ်၊ ဦးကျော်အေး/ဦးထောင်ခိုင်(၆၅/၂၂)နှစ်၊ ဦးရွှေကျော်တို့၏ နေအိမ်များ အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများ အထွက်နှုန်းတိုးတက်စေရေးအတွက် နည်းပညာများ ဖြန့်ဝေပို့ချခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ(၄)နာရီက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၄)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့က ဥပဒေရေးရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက် ဟိုတယ်ဝန်းအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ပြုလုပ်ရာ အကျယ်အဝန်းမြေတစ်ဧက၌ မန်ဂျန်ရှားအပင်(၅၄၀)ကို ပုသိမ်မြို့နယ်ရှိ ဌာနဆိုင်ရာများ အစုံအညီဖြင့် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။