Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက်(၉)လမှ(၅)နှစ်အထိ ကလေးများငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၄)လမှ(၂)နှစ်အထိကလေးငယ်များအား ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၀န်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်ထွက် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းနေ
Oct 27,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ထန်းပင်မြစ် ပျိုးထောင်ရောင်းချနေသည့် ဦးနိုင်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဝယ်လိုအားကောင်း
Oct 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် မျှစ်များကိုတစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြု လုပ်ကြသည်။ယခုအချိန်တွင်မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက်မျှစ်ခြောက်များဝယ်လိုအားကောင်းကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ ပြည်သူများသိရှိနိုင်ရေ…
Oct 27,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုး ဦးဆောင်ပြီး ဝန်ထမ်းများက ယနေ့နက်ပိုင်းက မြို့မဈေး၌ လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်များအား နိုင်ငံရေးစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေသာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ သွားရောက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ရက်တိုးမြှင့်ထပ်မံကြေညာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ၊သရုပ်ပြများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 27,2022
မိတ္ထီလာတက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ၊သရုပ်ပြများအတွက် အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ တက္ကသိုလ်သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Oct 27,2022
ပဲခူးခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်အထကကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တာကောက်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18200
Page
18201
Page
18202
Page
18203
Current page
18204
Page
18205
Page
18206
Page
18207
Page
18208
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department