မိတ္ထီလာ အောက်တိုဘာ ၂၈
မိတ္ထီလာ၌ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံလေ့ကျင့်ရေးသင်တန်း (၂/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်မီးသတ်စခန်းရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးတို့ကလည်းကောင်း၊ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို ခရိုင်မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံလေ့ကျင့်ရေး သင်တန်းသို့ ကံကောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားသင်တန်းသူ ၅ဝ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ခန်းစာများ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ချမ်းသာ