ဟိုင်းကြီးကျွန်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(နပဆ-၁)မှ လာရောက် တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဝန်းအတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
တင်ဆက်ကပြဖျော်ဖြေပွဲတွင် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(နပဆ-၁)မှ ဗိုလ်မှူးညီညီစိုး ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြမှု ဖျော်ဖြေရေး အစီအစဉ်များ၊ တစ်ခန်းရပ် ဟာသပြဇာတ်များ၊ အငြိမ့်အစီအစဉ်နှင့် မျက်လှည့် လက်လှည့် အစီအစဉ်များဖြင့် ခင်မင်ရင်းနှီး ပျော်ရွှင်စွာဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကြွရောက်လာကြသည့် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် အရာရှိကြီးများ၊ အရာရှိ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်