Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ် အဆင့်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွေသွေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)၌ ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က (ရွှေသောင်ယံ) စာသင် ကျောင်းတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းဆိုင်းဘုတ်နှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ငပုတောမြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ရှုခင်းသာ ကားဂိတ်နှင့် မြို့(အဝင်/အထွက်) ကြိုဆိုပါ၏ စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးဦးကာလ မိုးကြီးလေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်၊ ဆင်ကူးကျေးရွာတွင် နေအိမ် တစ်လုံးပြိုကျပျက်စီးခဲ့ရ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ဆင်ကူး ကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်က မိုးဦးကာလ မိုးကြီး၍ လေပြင်းတိုက်ခတ်မှုကြောင့် ဦးအောင်ဇော်ထွေး (အဖ) ဦးဝင်းမောင် နေအိမ် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၅'×၁၀'×၁၂') ပြိုကျပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းပါ အချက်အလက်များ Software အတွင်းသို့ တစ်နိုင်ငံလုံးတွင် ကချင်ပြည်နယ်မှ သတ်မှတ်ကာလထက် စေ…
May 12,2022
နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား Excel Format ဖြင့် Data Entry ရိုက်သွင်းပြီး e-ID Software သို့ ထည့်သွင်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကချင်ပြည်နယ်မှ သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီးအောင် ထည့်သွင်းနိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မေ ၂၂ ရက် ည ၇ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့် လမ်းသွား လမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့သည်။ အဆိုပါ Mask Campaign ပြုလုပ်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များဖြင့် ဈေးရောင်းဈေဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နှင့် အညီ Mask ပုံမှန်တပ်ဆင်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18189
Page
18190
Page
18191
Page
18192
Current page
18193
Page
18194
Page
18195
Page
18196
Page
18197
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department