ဒဂုံအရှေ့ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အနာဂတ်ကျောင်းသား၊ ကျောင်းသူများလူတော်၊ လူကောင်းများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ထက်မြတ်သော လူရည်ချွန်များ ပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ ထခွဲလ (၁) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်းနှင့် မဟာသရဖူကိုယ်ပိုင်ကျောင်းတို့တွင် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများ ကျင်းပခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းအဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၅) ကျောင်း၊ ထခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်း စုစုပေါင်း (၁၁) ကျောင်းတွင် ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ Grade 9 (၉၇) ဦး၊ Grade10 (၈၂) ဦးနှင့် Grade 11 (၈၁) ဦး စုစုပေါင်း (၂၆၀) ဦးတို့ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအဆင့် လူရည်ချွန်စာမေးပွဲကို အောက်တိုဘာ (၂၆) ရက်မှ (၂၈)ရက်အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်၍ အခြေခံပညာကျောင်းအဆင့် လူရည်ချွန် အောင်မြင်သူများအား ခရိုင်အဆင့်၊ မြို့နယ်အဆင့်စာမေးပွဲများကို နိုဝင်ဘာလအတွင်း ဆက်လက်ဖြေဆို သွားကြရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)