ဓနုဖြူမြို့နယ်၌ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင်၊ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ က်တာဒေါ်သန္တာဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦးက တက်ရောက်လာကြသော ဆရာ/ ဆရာမများအား အမှာစကား ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၀၇)ကျောင်းတို့မှ အခြေခံပညာ အထက်တန်းကျောင်းအုပ် (၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် (၁၁)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းအုပ် (၁၇၀)ဦး၊ ပေါင်း (၂၀၇)ဦးတို့အား ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊ (၂)ရက် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဦးစီးမှူး ဦးနောင်နောင်က အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းအုပ်ဆရာ/ ဆရာမများကို မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)