အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးဦးကာလ ခြင်ပေါက်ပွားမှုများ လျော့ကျရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ မြို့ပေါ်ရပ်ကွက်အလိုက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (မဲဇလီ) ကျောင်းဝန်းအတွင်းရှိ ဒက္ခိဏနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို မေ ၂၀ ရက်နေ့ နံနက်  ၉  နာရီအချိန်က  ကျင်းပပြုလုပ်ရာ  ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦး‌စောလင်းခယ်တက်ရောက်ခဲ့သည်။
May 12,2022
မြန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့တွင် ထုတ်ချေးပေးလျက်ရှိသည်။
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယနေ့တွင် ထုတ်ချေးပေးလျက်ရှိသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်နှင့် အဘိတ်ဆေးခတ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီက အနောက်ပိုင်းရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၏ ကြွေးဟောင်းများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များထုတ်ချေးပေးနိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၊ မလက်တိုကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပေ(၉၀)၊ ‌ပေ(၃၀) RC နှစ်ထပ်  သဇင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ အဆောက်အဦးသစ်ရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပသည်။