အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ချင်းပြည်နယ် တီးတိန်မြို့၌ သာသနာတော်နှစ် ၁၃၈၄ခု၊ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက် ၉နာရီအချိန်တွင် တီးတိန်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင် မိသားစုများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ (၄၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် တန်ဆောင်တိုင်ဆီမီး ၁ဝဝဝ ပူဇော်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်က စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခြံဝန်း၌ တည်ထားကိုးကွယ်ပူဇော်လျက်ရှိသည့် ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေထီး တော်တင်ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခြံဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
တန်ဆာင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရားပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိဆုတောင်းပြည့်မြွေဘုရား၊ ကံကြီးမမြတ်စွာဘုရား၊ ပေါ်တော်မူမြတ်စွာဘုရားများတွင် တန်ဆောင်တိုင်ပွဲတော်ဖြစ်သည့် အများပြည်သူအလုပ်ပိတ်ရက်များအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (မိုးကျ) စုပေါင်းဘုံကထိန် ရေစက်ချ တရားတော်နာ အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။
Nov 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ကျောက်ဖရုံသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
Nov 08,2022
မြန်မာ့ဆယ်နှစ်လရာသီတွင် တန်းဆောင်းမုန်းလ၏ ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်သည့် ကထိန်ခင်းခြင်း(ဝါ) ကထိန်သင်္ကန်းကပ်လှူသည့် ကထိန်ပွဲများသည် အမြို့မြို့အနယ်နယ်ရှိ မြို့ပြကျေးရွာတို့တွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်တွင် နှစ်(၁၀၀)ပြည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့တန်ဆောင်းမုန်းလပြည့်နေ့နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။