Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ သံဃာ့ဒါနအရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်…
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ် ဝါတွင်းကာလ တစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃာ့ဒါန အရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ရေခပျက်စီးသွားခဲ့သော ပြည်လုံးချမ်းသာစေတီတော်၏ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအားရှင်းလင်းနေ
Jul 13,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နှုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်သည် ဇူလိုင်၇ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်အတွင်းသို့ ရေခပျက်စီးခဲ့ရာ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအား လက်ရှိအချိန်တွင် ရှင်းလင်းနေကြကြောင်း ကျေးရွာနေပြည်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Jul 13,2022
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် ယနေ့လူငယ်လူရွယ်များ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေး…
Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Pull Man Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လှည့်ကင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မတ်လ ပထမအပတ် ညပိုင်းမှစတင် လှည့်ကင်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ စဉ်ဆက်မပြက် လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှ…
Jul 13,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17917
Page
17918
Page
17919
Page
17920
Current page
17921
Page
17922
Page
17923
Page
17924
Page
17925
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department