အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ ပရဝဏ်အတွင်း၌ ယမန်နေ့ ညနေ(၆)နာရီအချိန်က မီးမျှောပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲများကို နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် (၉) အချိန်က ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မင်းရပ်ရပ်ကွက် ပညာရေးမှုးရုံး ရှေ့တို့တွင် မြေစိုက်ဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း နှင့် ဝန်ထမ်းများက (၃၄)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၅)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 08,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကို ယမန်နေ့နေ့လယ် ၂ ရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Nov 08,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်၌ ပထမဆုံးအကြိမ်အဖြင့် ဆီမီး ၁၁၀၀ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) ညနေပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်း/ တရုတ်တန်းရပ်ကွက်အတွင်းရှိ သမိုင်းဝင်‌ရွှေတောင်ဦးစေတီတော်တွင် အခွန်ဝန်ဦးနော်မှ (၁၂၄၃)ခုနှစ်တွင် စတင်ခဲ့သည့် (၁၄၁) ကြိမ်မြောက် တန်ဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၇ ရက်  တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၂ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့သည်။
Nov 08,2022
၁၃၈၄ ခုနှစ်၊ တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တစ်ဖက်ကမ်းရှိ ဦးရာဇ်တော်စေတီတော်ကြီး၌ ကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။