တီးတိန် နိုဝင်ဘာ ၈
ချင်းပြည်နယ် တီးတိန်မြို့၌ သာသနာတော်နှစ် ၁၃၈၄ခု၊ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက် ၉နာရီအချိန်တွင် တီးတိန်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင် မိသားစုများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ (၄၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်သည်။ ဆက်လက်၍ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းဆရာတော် ဘဒ္ဒန္တပုညာန္ဒ(M.A Buddhsim)ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ပွားသရဇ္စျာယ်ပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆရာတော် ဘဒ္ဒန္တပုညာနန္ဒမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှအတမ်း ပေးဝေကြသည်။ ယနေ့ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ပြီဖြစ်ပါ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြမ်ရွတ်ဆို ဆုတောင်းကြပြီး ကထိန်အလှူရှင်များမှ ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းကြကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်