အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တွင် မြို့ဂုဏ်ကျက်သရေတင့်တယ်လာစေရန် နှင့် မြို့အင်္ဂါရပ်များနှင့်အညီ သာယာဖွံ့ဖြိုးတိုးတက်၍ ထာဝရတည်တံ့ခိုင်မြဲစေရန် ကျောက်သား ဆိုင်းဘုတ် စိုက်ထူရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) ရပ်ကွက် တွင် ကျင်းပခဲ့သည်။
Dec 02,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ် ကျင်းပပြု လုပ်ပေးသည့် မသန်စွမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
Dec 02,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက
Dec 02,2022
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော် ဆောင်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နှင့် လုပ်ငန်းရှင်များ အကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်စိုက်ပျိုး ရာသီအတွက် ကုလားပဲဧက (၁၄၁၂၅)ကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ‌မီးဘေးအန္တရာယ်‌ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဗူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ‌ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) ‌အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ‌အရောင်းဆိုင်များအား ဒီဇင်ဘာ ၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။