ကန်ပိုက်တီမြို့ အထိမ်းအမှတ်ကျောက်သားဆိုင်းဘုတ်စိုက်ထူရန်ပန္နက်တင်မင်္ဂလာအခမ်း အနားကျင်းပ

ကန်ပိုက်တီ    ဒီဇင်ဘာ        ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တွင် မြို့ဂုဏ်ကျက်သရေတင့်တယ်လာစေရန် နှင့် မြို့အင်္ဂါရပ်များနှင့်အညီ သာယာဖွံ့ဖြိုးတိုးတက်၍ ထာဝရတည်တံ့ခိုင်မြဲစေရန် ကျောက်သား ဆိုင်းဘုတ် စိုက်ထူရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) ရပ်ကွက် တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကံပိုင်တည်ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ဦးလန်းဂျောယိန်းဇုံး၊ ခမရ(၃၈၁)မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးနိုင်လင်းအောင်၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ဘုန်းမြင့်ကြွယ်နှင့် တာဝန်ရှိသူများက ပန္နက်ရိုက်တင်ပြီး အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့သည်။

အဆိုပါ မြို့အထိမ်းအမှတ်ကျောက်သားဆိုင်းဘုတ်ကို ကံပိုက်တည်မြို့ အမှတ်(၁)ရက်ကွက်ရှိ ကုတင် (၁၆)ဆံ့ တိုက်နယ်ပြည်သူ့ဆေးရုံ အရှေ့လမ်းဘေးတွင် အလျား ၈၂‌ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၂၈ ပေရှိသော ကျောက်တုံး ကြီးဖြင့် ‌တည်ဆောက်သွားမည်ဟု ကံပိုင်တည်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ထံမှ သိရသည်။

ကန်ပိုက်တီ(ပြန်/ဆက်)