ရမည်းသင်း ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါအထက်တန်းဆင့်ပန်းချီပြိုင်ပွဲတွင် ရမည်းသင်းမြို့နယ်အတွင်းရှိ အမှတ်(၁)အထက်တန်းကျောင်း၊ အမှတ်(၅)မြို့မအထက်တန်းကျောင်း၊ KTLကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပျော်ဘွယ်မြို့နယ်ပန်းစုံအထက်တန်းကျောင်းနှင့် ယင်းတော်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။ ခရိုင်အဆင့်ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးအထိမ်းအမှတ်ပန်းချီပြိုင်ပွဲကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မြဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ကျင်းပပြုလုပ်ရာ ရမည်းသင်းမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်းနှင့် ပျော်ဘွယ်မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ(၅)နေ့၌ ရမည်းသင်းမြို့သီလဝခန်းမ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)