Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိတ်မြို့ အထက (၇) တွင် ကျောင်းသား/သူများဖြင့် ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်
Dec 02,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝကြောင့်ဖြစ်သော ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးကင်းလုံခြုံသောနေရာသို့ ပြောင်းရွေ့/ကယ်ဆယ်/ပို့ဆောင်နိုင်ရန်အတွက် မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ အထက(၇)၌ ယနေ့နံနက်ပိုင်းက ကျောင်းသား/သူများ၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့၊ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မအီဒေသတွင် ရာဘာပြားများဈေးကောင်းရရှိရန် ရာဘာခင်းလုပ်ငန်းရှင်များမျှော်လင့်
Dec 02,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ဒေသပတ်ဝန်းကျင်ကျေးရွာများမှ ရာဘာစိုက်ခင်းလုပ်ငန်းရှင်များမှာ စက်တင်ဘာလမှစတင်၍ ရာဘာစေးများကိုခံယူပြီး ရာဘာပြားများ ပြုလုပ်ရောင်းချလျက်ရှိရာ ယခင်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမည်ကို စိုးရိမ်နေကြကြောင်း အောင်သပြေကျေးရွာ ရာဘာစိုက်ခင်းလုပ်ငန်းရှင် ဦးသန်းဝင်းကပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် သံရွာအုပ်စု၊ အေးကျေးရွာတွင် (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေး
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး လိုအပ်သည့်ကဏ္ဍများအား ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၌ သံရွာကျေးရွာအုပ်စု၊ အေးကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစ…
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်း အဝေး(၄/၂၀၂၂)နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် အ.ထ.က၊ မြင်းသည်ကျေးရွာ ကျောင်းစာကြည့်တိုက်ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး
Dec 02,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအုပ်စု မြင်းသည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၄၀’×၃၀’×၁၂’ ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်ဆောင်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Dec 02,2022
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 02,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂ ရက် နံနက် (၉) နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံတိုက်ကျွေး လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစံပြစိုက်ကွက် စိုက်ပျိုးတောင်သူများအား ယူရီးယားဓါတ်မြေဩဇာ (၃၁၄၁) အိတ်ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး
Dec 02,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တွင်လုပ်ကိုင်နေကြသည့် တောင်သူများ အဆင်ပြေစေရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ (၃၁၄၁)အိတ်ကို၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက်က စတင်၍ နှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17384
Page
17385
Page
17386
Page
17387
Current page
17388
Page
17389
Page
17390
Page
17391
Page
17392
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department