ကျွန်းလှ ဒီဇင်ဘာ ၂
စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး အရောင်းဆိုင်များအား ဒီဇင်ဘာ ၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ ဝန်ထမ်းများက စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပိုးသတ်ဆေး လိုင်စင်သက်တမ်းလွန် ဒဏ်ကြေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းရှင်များ မေးမြန်းသည်များကို တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ