ညောင်တုန်း ဒီဇင်ဘာ ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုခဲ့ ကြပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးနေမျိုးနှင့် တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီ တာဝန်ရှိသူ တို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ပြီးစီး မှုရာခိုင်နှုန်းနှင့် ဆက်လက်တည်ဆောက် နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်း ညွှန်မှာ ကြားခဲ့သည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်မှာ အလျား(၆၀)ပေ၊ အနံ(၄၀)ပေ၊ RC (၁)ထပ် အဆောက်အဦဖြစ်ပြီး မာန်ဘုန်းပိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက် ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)