Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ Fitness Dance လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲ
Dec 03,2022
ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက (Myanmar Fitness Dance) စုပေါင်းကိုယ်လက် လှုပ်ရှားမှုကို ကမ်းနားလမ်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ ဒေသခံ အားကစားဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘုရားကြီးကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဆောင်သီးနှံနေကြာစိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲ ၊ ဆိုလာနှင့်ရေပေးဝေ…
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု တောင်သူဦးပန်းမောင်၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံနေကြာ စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည်ဆိုလာဖြင့်ရေပေးဝေမှုပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့၌ ရှေးဦးသူနာပြုစုနည်းမွမ်းမံသင်တန်းဖွင့်လှစ်
Dec 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 03,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းတို့ကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ် ၂ ရပ်ကွက်ရှိ မြို့မစျေးနှင့် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာစျေးတို့တွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 03,2022
ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်တွင်းကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေး
Dec 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် (B.O.T)စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားသို့ တနင်္သာရီတိုင…
Dec 03,2022
ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.T)လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ် အမှတ်(၁)မူလွန် ၌ လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် "လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17381
Page
17382
Page
17383
Page
17384
Current page
17385
Page
17386
Page
17387
Page
17388
Page
17389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department