အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
Dec 19,2022
စစ်ကိုင်းတိုင်း​သေကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မိုးလံလေလုံအားကစားရုံ၌ ကျင်းပသည်။
Dec 19,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)တွင် အခြေခံစာကြည့်တိုက်ပညာ သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
Dec 19,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပ ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးသိုင်း‌ချောင်းမြို့ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Dec 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မိုးစပါးသီးနှံ(၅၂၄၆၁)ဧက စိုက်ပျိုးထားပြီး စပါးများနေ့စဉ်ရိတ်သိမ်းလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောင်နောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)ကျောင်းရွာကွင်း၊ ဦးပိုင်အမှတ်(၁၆/၂) တောင်သူဦးမိုဟာမတ်၏ ဧရာမင်းမိုးစပါးစိုက်ခင်းအား (၆.၆)ပေပတ်လည် စံကွက်ငယ်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါးအစို(၈၀.၀၅)တင်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
Dec 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာ လီဒိုလမ်းမကြီးအား မြို့လမ်းဦးစီးဌာနမှ အဆင့်မြှင့်တင် ဂျင်းကျောက်ခင်းပေးမည်ဖြစ်ရာ ပန်ဆောင်မြို့ လမ်းဦးစီးဌာန၏ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကျယ်(၁၆)ပေ၊ အရှည်(၅)ဖာလုံ၊ အမြင့် (၉)လက်မထုရှိ အဆင့်မြှင့်တင် ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာလ ဒုတိယအပတ်တွင် အပြီး ခင်းကျင်း သွားမည်ဖြစ်ကြောင်း သိရသည်။