ကန့်ဘလူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း​သေကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မိုးလံလေလုံအားကစားရုံ၌ ကျင်းပသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲမစတင်မီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ (မြို့နယ်အားကစားမှူး) ဦးအောင်မြင့်မြတ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ယနေ့တွင် သားငှက်(ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော)နှင့် မြန်မာ့မီးရထားအသင်းတို့ စတင်ယှဉ်ပြိုင်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲ၌ ဌာန ဆိုင်ရာဖူဆယ်ဘော လုံးအသင်း ( ၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးသင်း နှစ်အုပ်စု၊ နှစ်သင်း နှစ်အုပ်စုဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)