ကျောက်ကြီး ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လျှပ်စစ်ဓါတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓါတ်အားပြတ်တောက်မှုမရှိစေရေးအတွက်ယနေ့ နံနက်ပိုင်းတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆောင်ရွက်သည့်လုပ်ငန်းများမှာ (၁၁)ကေဗွီတုံးကြီးဖီဒါသည် လူနေအိမ်များကြားတွင် တည်ရှိနေပါသဖြင့် ကျောက်ကြီးမြို့၊ သိန်တန်းရပ်ကွက်၊ ကျောင်းလမ်းဆုံမှ မာလာဦးဂိတ်အနီးသို့ လိုင်းအူကြောင်း (၀.၈၅)မိုင်ခန့်အား(၁၀)မီတာကွန်ကရစ်တိုင်၊ AWOC 120mm2 ဖြင့်ပြောင်းလဲ တည်ဆောက်ခြင်း၊ ၎င်းအောက်မှ (၄၀၀)ဗို့(3)သွင် (5)W AL Insulated Cable 95mm2 (၁၀၀၀)ပေအား သံလက်တန်းဖြင့် တိုးချဲ့တည်ဆောက်ခြင်းနှင့် လိုင်းဟောင်း (၁၀၀၀)ပေအား ဖြုတ်သိမ်းအပ်နှံခြင်းလုပ်ငန်း၊ တောင်ငူတန်းရပ်ကွက်၊ ဆရာစံလမ်းတွင် (၄၀၀)ဗို့ (3)သွင် (5)W AL Insulated Cable 95mm2 (၁၅၀၀)ပေအား (၉)မီတာကွန်ကရစ်တိုင်၊ သံလက်တန်းဖြင့် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ မေတ္တာရပ်ကွက်၊ ဗျူဟာလမ်းဗျူဟာကုန်းအနီးတွင် (၄၀၀)ဗို့(3)သွင်(5)W AL Insulated Cable95mm2 (၁၅၀၀)ပေအား (၉)မီတာကွန်ကရစ်တိုင်၊ သံလက်တန်းဖြင့် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ သိန်တန်းကွက်သစ်လမ်းသွယ်(၇)လမ်းနှင့်(၅)လမ်းတို့တွင် (၄၀၀)ဗို့(3)သွင် (5)W AL Insulated Cable95mm2 (၁၇၀၀)ပေအား (၉)မီတာကွန်ကရစ်တိုင်၊ သံလက်တန်းဖြင့် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပဲနွယ်ကုန်းမြို့နှင့် ကျောက်ကြီးမြို့ကြား (၃၃)ကေဗွီဓာတ်အားလိုင်းမှ ယိုင်နဲ့နေသော(၁၂)မီတာကွန်ကရစ်တိုင်(၅)မိုင်အား တိုင်ပြန်မတ်ခြင်းပြုပြင်ခြင်း၊ Concrete Footingလောင်းခြင်းနှင့် Side Stay, Back Stay များအသစ်ပြန်လည်ပြုလုပ်တည် ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွင်း ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လကုန်တွင် လုပ်ငန်းများအားလုံးအပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်