အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ၌ မိုးစပါး ၁၅၂၁ ဧကကို ဆင်းသုခ၊ မနောသုခနှင့်ဧရာမင်းမျိုး(၃)မျိုးဖြင့် စိုက်ပျိုးခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန် မိုးစပါးဧရာမင်း(၆.၆)ပေ စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Dec 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Dec 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့နည်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Cross Cutting Themes Training ဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
Dec 19,2022
မွန်ပြည်နယ်၊  မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ   ပဏာမမျက်စိကျန်းမာရေးစောင့်​ရှောက်မှု(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သံဃာဆောင်၌ ဖွင့်လှစ်သည်။
Dec 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ် လူရွယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ် စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်“ သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ ၂၀၂၂ ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေချစ်မြတ်နိုးသူများနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များတို့က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Dec 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေ ရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၀ ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု တတိယဆုရရှိသော အမျိုးသားစာပေဆုရ စာရေးဆရာအောင်းစိုး၏ "မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီဓလေ့ ထုံးတမ်းအစဉ်လာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။