အမြို့မြို့အနယ်နယ်သတင်းများ

Dec 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library  စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ သွားရောက်၍ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 20,2022
မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၃၈လမ်း၊ ၇၉x၈၀ လမ်းကြားရှိ ပန်းတိမ်ဝင်းဓမ္မာရုံ၌ အင်အား (၇၀) ဦးခန့်ဖြင့်လည်းကောင်း၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၄x၈၅ လမ်းကြား၊ ၃၅ ×၃၆ လမ်းကြားရှိ ဒဟ္ဟတောဘုန်းကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊  စိန်ပန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ၃၇x၃၈ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်အား (၅၀) ဦးခန့်ဖြင့်လည်းကောင်း၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးအတွက်
Dec 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ
Dec 20,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခြင်းကို ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်​ဆေးခြင်း၊ မှတ်ပုံတင် ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ထပ်​နေသူများ စိစစ် (Cross Check) ခြင်း လုပ်ငန်း​ဆောင်ရွက်​နေမှုများကို  ယမန်နေ့တွင် ​တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 20,2022
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပရဟိတဂေဟာများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Dec 20,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို   ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်)ရပ်ကွက်၊ လူရွှင်တော်ပရဟိတရုံးရှေ့တွင် ယမန်နေ့နံနက် ၉ နာရီခွဲမှ စတင်၍ရောင်းချပေးလျက်ရှိကြောင်း သိရသည်။