အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို နံရံကပ်စာဆောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Conmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်အားကစားကွင်းတွင် ပညာရေးဌာနမှကြီးမှူး၍ ‌ခရိုင် အဆင့် ကျား/မ ဘောလုံးပြိုင်ပွဲ လူရွေးပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 19,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ​ဒေသခံပြည်သူများ ဆီစားသုံးမှု ဖူလုံလာစေရေးအတွက် တစ်ဧက ဆီအထွက်နှုန်းမြင့်မားသော နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဒီဇင်ဘာ (၁၅) ရက်ထိ လယ်သီးထပ် ဆောင်းနေကြာသီးနှံဧက ၁၈၄၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Dec 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 19,2022
အလုပ်သမား၀န်ကြီးဌာန မြို့နယ်လူမှု ဖူလုံရေးရုံး မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံ လူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား (Cross Check) စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
Dec 19,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုကိုးသီးနှံစိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း၌ဖွင့်လှစ်ရာ နေပြည် တော် နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်ကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်၊ မုဒုံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။