ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မိုးစပါးသီးနှံ(၅၂၄၆၁)ဧက စိုက်ပျိုးထားပြီး စပါးများနေ့စဉ်ရိတ်သိမ်းလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောင်နောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)ကျောင်းရွာကွင်း၊ ဦးပိုင်အမှတ်(၁၆/၂) တောင်သူဦးမိုဟာမတ်၏ ဧရာမင်းမိုးစပါးစိုက်ခင်းအား (၆.၆)ပေပတ်လည် စံကွက်ငယ်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါးအစို(၈၀.၀၅)တင်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများကို တိုက်နယ်(၁)ကျေးရွာအုပ်စု(၇)အုပ်စုတွင်(၁၀၈၁)ဧက၊ တိုက်နယ်(၂)ကျေးရွာအုပ်စု(၅)အုပ်စုတွင်(၁၉၄၂)ဧက၊ တိုက်နယ်(၃)ကျေးရွာအုပ်စု(၁၀)အုပ်စုတွင်(၂၀၃၆)ဧက၊ တိုက်နယ်(၄)ကျေးရွာအုပ်စု(၈)အုပ်စုတွင်(၂၅၄၈)ဧက၊ တိုက်နယ်(၅)ကျေးရွာအုပ်စု(၁၂)အုပ်စုတွင်(၁၁၉၇)ဧက၊ တိုက်နယ်(၆)ကျေးရွာအုပ်စု(၅)အုပ်စုတွင်(၁၈၄၁)ဧက၊ တိုက်နယ်(၇)ကျေးရွာအုပ်စု(၁၀)တွင်(၁၄၈)ဧက၊ တိုက်နယ်(၈)ကျေးရွာအုပ်စု(၈)အုပ်စုတွင်(၂၁၂၁)ဧက၊ တိုက်နယ်(၉)ကျေးရွာအုပ်စု(၅)အုပ်စတွင်(၁၅၉၈)ဧက၊ တိုက်နယ်(၁၀)ကျေးရွာအုပ်စု(၆)အုပ်စုတွင်(၂၅၆၇)ဧက၊ တိုက်နယ်(၁၁)ကျေးရွာအုပ်စု(၆)အုပ်စုတွင် (၁၆၃၆)ဧက၊ တိုက်နယ်(၁၂)ကျေးရွာအုပ်စု(၇)အုပ်စုတွင်(၂၅၀၉)ဧက၊ စုစုပေါင်း(၂၁၂၂၄)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရသည်။
မိုးစပါးများရိတ်သိမ်းရာတွင် အလေအလွင့်၊ ဆုံးရှုံးမှုနည်းပါးစေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများစနစ်တကျကူညီပေးလျက်ရှိပြီး အချိန်ကုန်သက်သာစေရေး ကျောက်ဆည်မြို့ အမှတ်(၈၁)ထွန်စက်စခန်းမှ တန်းဖိုးသင့်ဈေးနှုန်းနှင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးခြင်းများဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်များဖြင့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခစပါးများ အဓိကထားပြီး စပါးခင်းများ အောင်မြင်သည်အထိ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေခဲ့ကြောင်း သိရှိရသည်။
သက်မောင်