နာဂဒေသ၊ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာရှိလီဒိုလမ်းကြီးအား အဆင့်မြှင့်တင် ဂျင်းကျောက်လမ်းခင်းကျင်းပေး

ပန်ဆောင် ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာ လီဒိုလမ်းမကြီးအား မြို့လမ်းဦးစီးဌာနမှ အဆင့်မြှင့်တင် ဂျင်းကျောက်ခင်းပေးမည်ဖြစ်ရာ ပန်ဆောင်မြို့ လမ်းဦးစီးဌာန၏ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကျယ်(၁၆)ပေ၊ အရှည်(၅)ဖာလုံ၊ အမြင့် (၉)လက်မထုရှိ အဆင့်မြှင့်တင် ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာလ ဒုတိယအပတ်တွင် အပြီး ခင်းကျင်း သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လီဒိုလမ်းမကြီးအား အဆင့်မြှင့်တင်ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ပြီးဆုံးပါက အများပြည်သူအကျိုးပြုသော ဂျင်းကျောက်လမ်းမကြီး တစ်ခုဖြစ်၍ အများပြည်သူများအတွက် သွားလာရေးလွန်စွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

ဂျာယော်(ပန်ဆောင်)