သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို နယ်လှည့်စာကြည့်တိုက်လုပ်ငန်းရုပ်ပုံပြ ပုံပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သရက်ချောင်း  ဒီဇင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အနေဖြင့်ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပြပုံပြောခြင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း ပါဝင်သည့်နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတော(မူလွန်)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကျောင်းသား/သူများအနေဖြင့် အားလပ်သောအချိန်ကို ကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးအပြင်ပြင် ပဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို လည်းဖတ်ရှုလေ့လာပြီး သူငယ်ချင်းအချင်းချင်း ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်စေရန်၊ စာ‌ပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိပြီး၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

သားကြီး(သရက်ချောင်း)