ဘားအံ ဒီဇင်ဘာ ၂၅
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ဂေါက်ကလပ်၌ ကျင်းပရာ ဂေါက်သီးရိုက်အားကစားသမား ၇၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ညခင်းပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘားအံဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက အဖွင့်အမှားစကား ပြောကြားပြီး ဘားအံဂေါက်သီး ရိုက်အသင်းနာယက မန်းကျော်ဝင်းမောင်က အဝေးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆု ရရှိသူများကိုလည်းကောင်း၊ ဘားအံဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးသူရမြင့်သူကပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ အကြိုးစား ဆုံးဆုရရှိသူ များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က အကြီးတန်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်က Handicap 19 to 24 အငယ်တန်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က Handicap 0 to 18 အကြီးတန်း ပထမ၊ ဒုတိယ၊ တတိယ ဆု ရရှိသူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် Green အကောင်းဆုံး ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)