မိုင်းဖြတ်မြို့နယ်၌  ၂၀၂၂ခုနှစ်၊ ခရစ္စမတ် အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းဖြတ် ​ဒီဇင်ဘာ  ၂၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ခရစ္စမတ် အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အမျိုးသားအလွတ်တန်း ကလပ်​ပေါင်းစုံ ဖိတ်​ခေါ်​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ည​နေ ၄နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ​ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို စပါး FC နှင့်   RK fc အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စပါး FC (၁)ဂိုး၊ ဒု  RK fc အသင်းက (၁)ဂိုးဆီ သ​ရေကျခဲ့ကြသည်။  ထို့​​နောက် ပင်နယ်တီဖြင့် ဆက်လက် ယှဉ်ပြိုင်ကြရာ   RK fc အသင်းက စပါး FC အသင်းကို (၇)ဂိုး (၆)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့​ကြောင်း သိရ သည်။  ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်​အောင်နှင့် တာဝန်ရှိသူများက ပထမရရှိသည့် RK FCအသင်း၊ ဒုတိယဆုရရှိသည့် စပါး FC အသင်း၊ တတိယဆုရရှိသည့် ကွက်သစ် FC အသင်း၊ စတုတ္ထဆုရရှိသည့် ဝမ်ပုံစခန်းလူငယ်အင်းတို့အား ဆုဖလားနှင့် ဂုဏ်ပြုဆု​ငွေများကိုလည်း​ကောင်း၊ ပြိုင်ပွဲတစ်​လျှောက် လူငယ်အ​ကောင်းဆုံးဆု၊ ​ရှေ့တန်းအ​ကောင်းဆုံးဆု၊ အလယ်တန်းအ​ကောင်းဆုံးဆု၊ ​နောက်တန်းအ​ကောင်းဆုံးဆုနှင့် ဂိုးသမားအ​ကောင်းဆုံးဆုများအား ဂုဏ်ပြု​ဆု​ငွေများကိုလည်း​ကောင်း အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ​အသင်းပေါင်း (၉)သင်းဖြင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်မှ ၂၅ရက်​နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ပြီး ယ​မန်နေ့ ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆု​ချီးမြှင့်ပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)