နမ္မတူ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန်းဆွေဦး ဦးဆောင်၍ အရာရှိ (၄)ဦး၊ တပ်ဖွဲ့ဝင် (၄)ဦး၊ စုစုပေါင်း (၈)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းမည့် အရာရှိများ၊ တပ်ဖွဲ့ဝင်များအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များအား ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းကြသည့် အရာရှိများနှင့် တပ်ဖွဲ့ဝင်များအား မြို့နယ်ပြည်သူဆေးရုံအုပ် ဒေါက်တာ အောင်လွင်က ဂုဏ်ပြုမှတ်တမ်းနှင့် အားဖြည့်ဓာတ်ဆား (၅၀)ထုတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)