လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်လှစ်

သထုံ    ဒီဇင်ဘာ    ၂၆

မွန်ပြည်နယ် သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါ သင်တန်းကို သထုံမြို့နယ်အတွင်းရှိ အခြေခံကျန်းမာ ရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေအရန်သားဖွား ဆရာမများနှင့် လူထုအခြေပြု စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ စုစုပေါင်း(၄၉) ဦးတို့ တက်ရောက်ကြပြီး ကျေးလက်ကျန်းမာရေးမှူးများ၊ မိခင်နှင့် ကလေး‌စောင့်ရှောက်ရေး ကျန်းမာရေးဌာနမှ ဆရာ/ ဆရာမများ စုစုပေါင်းနည်းပြ (၄) ဦးတို့က (၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)