သနပ်ပင် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှုးကျင်းပသော လူဦးရေစာရင်း မှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မြို့နယ်အဆင့် လူဦးရေးမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်ဌေးက မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နည်းပြအဖွဲ့ဝင်များက သင်တန်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအားမြေပြင်ရှိ နှင့်အိမ်ထောင်စု လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင် ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေ တစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက် များအား ဟောပြောဆွေးနွေး ပို့ချခဲ့သည်။
သနပ်ပင်မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ် ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မြေပြင် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးအဖွဲ့များ၊ သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားသို့ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်နည်းပြ(၁၀) ဦးနှင့် သင်တန်းသားသင်တန်းသူ(၁၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)