လွိုင်လင် ဒီဇင်ဘာ ၂၇
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မိုးသို့လွှင့်ပျံ လွတ်လပ်ရေးရဲ့အသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါပြိုင်ပွဲတွင် ထိန်းသိမ်းစောင့်ရှောက် ကြရမည့် လွတ်လပ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်းကျင်းပရာ ကျောင်း/သူ ၁၅ ဦးဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပြီးတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။
ခရိုင်ပြန်/ဆက်