လှည်းကူး ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလံတပိုကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လှည်းကူးခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်နှင့်စီမံအဖွဲ့၀င်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသစ်သည် အရှည် ၅၀၅ပေ၊ အကျယ်၁၀ပေ၊ ထုခြောက်လက်မရှိပြီး နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၁၀၀၀၀၀၀၀နှင့် ပြည်သူလူထုထည့်၀င်ငွေကျပ် ၁၀၀၀၀၀၀တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)