ရွှေတောင်မြို့နယ်၌ မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

ရွှေတောင် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းအမှန်ရရှိရေးအတွက် ရပ်ကွက် / ကျေးရွာ အုပ်စုမြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးသန်းထူးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံနှင့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းအမှန်ရရှိရေးအတွက် ရပ်ကွက် / ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သင်တန်းဆရာ/ ဆရာမများမှ သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက မရှင်းလင်းသည့် ကိစ္စရပ်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)