အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်းပါးရှင် ခေတ်သစ်ဇီဝက၏ လူငယ်နှင့်ဂိမ်းစွဲခြင်း၊ လူငယ်နှင့် ဂိမ်းအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Feb 24,2023
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
Feb 24,2023
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မတ်လ (၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီးကျင်းပမည်ဖြစ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်ကျောင်းသား/သူ စုစုပေါင်း(၆၀၅)ဦး၊ အမှတ်(၃) အခြေခံပညာကျောင်းစာစစ်ဌာနတွင် ကျောင်းသား/သူ စုစုပေါင်း(၆၂၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူ စုစုပေါင်း (၁၂၃၁) ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Feb 24,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့တို့မှ ဦးဆောင်၍ လျှပ်စစ်မီးမရရှိသေးသည့် အင်ဒိုင်း-စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများအား ယ‌မန်နေ့က ECOEYE မီးဖိုများ ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ နှစ်ရှည်သီးနှံပင်ဖြစ်သော ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ်ကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသည် သီဟိုဠ် စိုက်ပျိုးရာ တစ်နိုင်ငံလုံးတွင် သီဟိုဠ်ပင်ဧက အများဆုံး စိုက်ပျိုးထားသော ကျေးရွာဖြစ်သည်။