ရွှေပြည်သာမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်စာမေးပွဲ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူ (၁၂၃၁)ဦး ဝင်ရောက်ဖြေဆိုမည်

ရွှေပြည်သာ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မတ်လ (၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီးကျင်းပမည်ဖြစ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်ကျောင်းသား/သူ စုစုပေါင်း(၆၀၅)ဦး၊ အမှတ်(၃) အခြေခံပညာကျောင်းစာစစ်ဌာနတွင် ကျောင်းသား/သူ စုစုပေါင်း(၆၂၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူ စုစုပေါင်း (၁၂၃၁) ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ကျောင်းတွင်းမှ ဖြေဆိုသူ(၁၀၁)ဦး ပြင်ပမှဖြေဆိုသူ(၁၁၃၀)ဦး စုစုပေါင်း ဖြေဆိုသူ(၁၂၃၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီးဖြေဆိုခွင့်ကတ်ပြားများကိုလည်း ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ မတ်လ(၈)ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း