အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးမွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း(၅၁)ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Feb 24,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနလေးခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီက အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အများ ပြည်သူတို့ သိရှိနိုင်ကြစေရန် လက်ကမ်းစာစောင်များ ရိုက်နှိပ်ဝေငှခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ကွက်သစ်ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်ချင်းဆက် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
Feb 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပွား၍ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဋ္ဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။