အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လဲဂွကျေးရွာတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော မေမြို့ပန်းစိုက်ခင်းများအထူးကောင်မွန်ပြီး နုတ်ယူရောင်းချချိန်တွင် စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေးရွာ မေမြို့ပန်း စိုက်ပျိုးရောင်းချသူ ဦးသန်းရွှေထံမှ သိရသည်။
Feb 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပြင် ပြည်သူလူထု တို့၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဗထူးတပ်နယ်နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့နံနက် ၇ နာရီမှ နေ့လည် ၁ နာရီအထိ ယမ်းတွင်း ငါးကြောင်ကျေးရွာအုပ်စု၊ ပန်းမန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှ တောင်သူများအနေဖြင့် မြို့၏ အရှေ့ဘက်ရှိ လယ်မြေ၊ ကိုင်းမြေများနှင့် မန်းချောင်းဘေးတွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေတို့ကို အသုံးပြု၍ ပန်ဖူးစားပြောင်းများကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းသော်လည်း စိုက်ပျိုးစရိတ်ကြီးမြင့်မှုနှင့် ကျေးငှက်များ လာရောက်စားသောက်ကြသောကြောင့် အမြတ်အစွန်းအနည်းငယ်သာ ကျန်ရှိကြောင်း ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းလေးထံမှ သိရသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မတ်လ(၈)ရက်​နေ့မှ (၁၈)ရက်​နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၂၃၇)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍စာရေးဆရာမင်းစိုးရေးသားသောလူငယ်နှင့်အပြောင်းအလဲစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁၀ )နာရီက  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 24,2023
တနင်္သာရီတိုင်း‌ဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍  အခမ်းအနားမှူး သင်တန်း ကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Feb 24,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ စာစစ်ဌာန(၂)ခု၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။