အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းရင်းသားအချင်းချင်းရင်းနှီးမှုဖလှယ်နိုင်ရန်နှင့် ပိုမိုချစ်ကြည်ရင်းနှီးလာစေရန်ရည်ရွယ်၍ ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
Feb 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၂ -၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးအောင်ထံမှ သိရသည်။
Feb 24,2023
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို Baeh နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Feb 24,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်သည့် လေပြင်းဘေးဒဏ်ပိုမိုခံနိုင်သော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်များရှင်းလင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည် ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ​မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးလက်ကျန်းမာရေးဌာန၊ အပိုင်ရှိ  မာမီးခေါက်ဆွဲ စက်ရုံ၌ ယနေ့နံနက် (၉)နာရီအချိန်က စက်ရုံလုပ်သားများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့်
Feb 24,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊‌ ကျောင်းသူ (၆၇၅) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။