မအီ ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်းပါးရှင် ခေတ်သစ်ဇီဝက၏ လူငယ်နှင့်ဂိမ်းစွဲခြင်း၊ လူငယ်နှင့် ဂိမ်းအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ (Talk Show)ကို မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးနှင့် ဦးသူရနိုင် အငယ်တန်းစာရေး(အင်အားပြ)တို့က စွဲလန်းခြင်း နှစ်မျိုးနှစ်စားရှိသည့်အနက် " ဂိမ်းစွဲလမ်းခြင်းဆိုတာ ဘာလဲ "၊ ဂိမ်းကို မသုံးစွဲရ မလုပ်ရလျှင် ပြုမူတတ်သည့် အပြုအမူများ၊ လက္ခဏာများ၊ ဂိမ်းစွဲလန်းခြင်းခြင်းမှာ လူကိုချက်ချင်း မသေစေနိုင်သော်လည်း ဘဝကိုသုံးစားမရတဲ့အထိ ပျက်စီးစေနိုင်သည့် အကြောင်းအရာများ၊ ဂိမ်းအလွန်ကစားသည့် လူငယ်များအပေါ် " မိဘများအနေနဲ့ သတိပြုရန်အချက်များ "နှင့်" မိဘတွေအနေနဲ့ ဘာတွေ လုပ်ပေးဖို့ လိုသလဲ "၊ လက်တွေ့ဘဝမှာ ဂိမ်းကစားခြင်းထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ၊ ပျော်ဖို့ ပိုကောင်းသော အရာများ ရှိသေးကြောင်း မိမိတို့ကလေး သိအောင် ကြိုးစားရမည့် အချက်များ စသည့် ဆောင်းပါးရှင် ခေတ်သစ်ဇီဝက၏ လူငယ်နှင့် ဂိမ်းစွဲခြင်း၊ လူငယ်နှင့် ဂိမ်းအန္တရာယ်အကြောင်း သိကောင်းစရာ " ဆောင်းပါးကို လူငယ်များ သိရှိလိုက်နာနိုင်စေရန် အသိပညာပေး (Talk Show)အနေဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Maei Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိပါကြောင်းနှင့် ရွေ့လျားစာကြည့်တိုက်(Mobile Library) စနစ်ဖြင့် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား (အခမဲ့)ငှားရမ်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းတို့ကို တာဝန်ခံဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)